မိုးညိုသား ရဲ့ ဘလော့လေးကို လာရောက်ကြတဲ့ မိတ်ဆွေများအားလုံးကို ကြိုဆိုလျှက်ပါ နောက်လည်း လာလည်ကြပါနော် အားပေးပါ ဝေဖန်ပါ အကြံပြုပါ

Tuesday, July 10, 2012

Photoshop တွင် Animation(Gif) ပြုလုပ်နည်း

Photoshop တွင် Animation(Gif) ပြုလုပ်နည်း

ယခုဖော်ပြမည့် tutorial သည် Photoshop အခြေခံမရှိသေးသောသူများအတွက် အခက်အခဲရှိနိုင်ပါသည်။



၁။ နောက်ခံအဖြစ် အသုံးပြုမည့် ပုံတစ်ပုံဖွင့်ပါ။ ပုံဆိုဒ်ကြီးလျင် memory error တတ်နိုင်သဖြင့် သေးအောင်ချုံ့ပေးပါ။ ယခု ကျွန်တော်သုံးထားသောပုံမှာ Width:200 pixels, Height:125 pixels နှင့် Resolution:300 ရှိပါသည်။

၂။ ပုံကို Duplicate လုပ်၍ Background Layer ကို အမဲရောင်ဖြည့်ပါ။ ထို့နောက် Background layer နှင့် Duplicate လုပ်ထားသော layer ကြားတွင် layer အသစ်တစ်ခုထည့်ပါ။






၃။ ၎င်း layer အသစ်ပေါ်တွင် Elliptical Marquee Tool (M) ဖြင့် စက်ဝိုင်းပုံ select ပြုလုပ်ပြီး Alt + Backspace (or) Alt + Del နှိပ်၍အရာင်ဖြည့်ပါ။
(Select လုပ်ရာတွင် စက်ဝိုင်းပုံရရှိရန် Shift ခလုပ်ဖိထားပါ) အပေါ်တွင် Layer အုပ်နေ၍ ယခုဆွဲထားသော စက်ဝိုင်းကို မြင်ရမည်မဟုတ်ပါ။



၎။ Layer 1 (ပုံရှိသောလေယာ) တွင် right-click နှိပ်၍ create clipping mask ကိုနှိပ်ပါ။
Alt ဖိ၍ Layer နှစ်ခုကြား pointer ဖြင့် (အဖြူအမဲစက်ဝိုင်းနှစ်ခုပုံပေါ်သောအခါ) နှိပ်၍လည်းပြုလုပ်နိုင်ပါသည်။





၅။ Layer 2 ကိုနှိပ်ပါ။ Filter » Blur » Gaussian Blur... ဖြင့် စက်ဝိုင်းအနားများ ၀ါးစေရန် ချိန်ညှိပေးပါ။

၆။ Menu bar မှ Window အောက်ရှိ Animation ကို Click နှိပ်ပါ။ Animation Palette သည် Timeline ဖြစ်နေလျင် ပုံတွင်ပြထားသည့်အတိုင်း Frames သို့ပြောင်းပေးပါ။



၇။ Layer 2 မှစက်ဝိုင်းကို Move Tool (v) ဖြင့်ဘယ်ဘက်အောက်ခြေသို့ရွှေ့ပေးပါ။ ၎င်းနောက် Animation Palette အောက်ခြေရှိ စာရွက်ပုံစံလေးအားနှိပ်၍ Frame ကိုကော်ပီပွားပါ။



၈။ Layer 2 မှစက်ဝိုင်းလေးအား အပေါ်ဘက်အလယ်သို့ ရွှေ့ပေးပါ။ ထို့နောက် Animation Palette အောက်ခြေရှိ Tweens animation frames ကိုနှိပ်ပေးပါ။ Box ပေါ်သောအခါ Frame to Add: တန်ဖိုးကို 30 ထား၍ ok နှိပ်ပါ။ ပြီးလျင်စက်ဝိုင်းကို ညာဘက်အောက်ထောင့်သို့ရွှေ့ပါ။  Tweens animation frames ကိုထပ်နှိပ်ပါ။ Frame to Add တန်ဖိုးကို 30 ပဲထား၍ ok နှိပ်ပါ။



၉။ စက်ဝိုင်းအား မူနေရာ ဘယ်ဘက်ထောင့်သို့ ရွှေ့ပါ။ Tweens animation frames ကိုနှိပ်၍ Frame to Add တန်ဖိုးကို 30 ထားပြီး ok နှိပ်ပါ။
(Animation Palette အောက်ခြေရှိ မြှားခေါင်းပုံ Play ခလုပ်ကိုနှိပ်၍ ပြုလုပ်ထားသော Animation ကိုကြည့်နိုင်ပါသည်။)

၁၀။ File » Save for Web & Devices ကိုနှိပ်ပါ။ File type အမျိုးအစားတွင် gif ကိုရွေးပါ။ မိမိလိုချင်သော Quality ကိုရွေး၍ save လုပ်ခြင်းခြင့် gif animation ပုံကိုရရှိပါမည်။



မှတ်ချတ်။   ။ File » Export » Render Video ကိုနှိပ်၍ Video File Format အဖြစ်လည်းသိမ်းနိုင်ပါသည်။ Photoshop ဖြင့် Photo Slide Show များ Video Editing များပြုလုပ်နည်းကို အလျှင်းသင့်လျင် ဖော်ပြပေးသွားပါမည်။

0 comments:

Post a Comment

ဝေဖန်ပါ အကြံပြုပါ လိုအပ်တာရှိရင်ပြောပါ.. ကျေးဇူးအထူးတင်ပါတယ် ဗျာ။

ck


တင်ထားသမျှခေါင်းစဉ်များ သည်မှာရှာ၇န်

ရုပ်ရှင် (2) Adobe Flash Player (1) Android Apk (52) Android App Hider (1) Android Battery doctor (1) Android camera (1) Android Facebook Apps (3) Android File Recovery (1) Android Firmware (2) Android Format Factory (1) Android Game (17) Android Keypad (1) Android Live wallpaper (3) Android locker (1) Android Memory Apk (1) Android MM Keyboard (4) Android MM Ringtone (1) Android Recording (1) Android Recovery (1) Android Ringtone Maker (1) Android Root (12) Android Root Checker (1) Android Software (4) ANDROID USB DRIVER (1) Android wallpaper (1) Android WiFi Hotspot (1) Anti Porn (1) Antivirus (12) Apple Events 2013 မှတ်စု (1) Apple ID ဖွင့်နည်း (1) appများ (11) Asus phone root လုပ်နည်း (2) Auto Play (1) Bluestacks Root (1) Bootable Maker (1) Bowser Cleanner (1) Browser များ (2) CCleaner (2) Cd Label Designer (1) Chrome ဆိုင်ရာ (1) Converter (7) Cs6 All Product crack (1) Data Recovery (1) Deep Freeze (1) Designer (4) DFX Audio Enhancer (1) Dictionary (1) Downloader (5) Driver Updater (1) Ebooks (20) Facebook ဆိုင်ရာ (2) Folder Lock (3) Hacking စာအုပ် (2) Hide Folder (1) i mobile root လုပ်နည်းများ (1) IDM (13) IDM UltraEdit (1) iOS app (10) IOS Game (10) iOS Hack (2) iOS ဆိုင်ရာ (15) IP Hide (4) ISO Creator (1) Jailbreak tools (4) K-Lite Codec Pack (1) Lenovo Root (1) Media players (1) Microsoft Office (2) MiloShare (1) Movie (10) Nero (2) nokia android root လုပ်နည်းများ (1) Partition Manager (1) Pc Cleanner (4) Pc Game (2) pc software များ (16) Photoshop ဆိုင်ရာ (4) Power DVD (1) samsung root လုပ်နည်း (1) Screen Shot (1) sim unlock လုပ်နည်း (1) Skin Pack (1) Slideshow (2) System Optimize (2) Team Viewer (1) Trojan Remover (1) Uninstaller (4) Upload Apk (1) USB Guard (2) Viber for Pc (2) Video Edition (1) VPN (2) Wifi ဆိုင်ရာ (1) Windows 7 Manager (1) windows 7 NVIDIA Edition (1) Windows 7 Regal™ Business Edition 2014 (1) Windows 8.1 (2) Windows Activator (2) Windows Error (1) windows Password Remover (1) Windows XP (1) Windows7 iso (1) Wise Care 365 Pro (1) Xiaomi (1) ကဗျာ (17) ဂိမ်းများ (2) နည်းပညာ (115) နည်းပညာ စာအုပ်များ (12) နည်းပညာ( ကိုညီနေမင်းစီက ယူလာတာပါ) (24) နည်းပညာဗဟု့သု့တ (4) နည်းပညာသတင်းများ (1) နည်းလမ်းများ (3) ဗဟုသုတ (47) ဘာသာတရား (1) ဘလော့ပညာများ (21) မြန်မာ့ စစ်တုရင် (1) မြန်မာစာတန်းထိုးဇာတ်လမ်းများ (6) မြန်မာသတင်း (5) ရုပ်ရှင် (1) သတင်း (6) သီချင်း (3) သုတ ရသ (5) ဟင်းချက်နည်း (25) ဟာသ (1) ဆော့ဝဲလ်များ (159) နိုင်ငံတကာသတင်း (2)