မိုးညိုသား ရဲ့ ဘလော့လေးကို လာရောက်ကြတဲ့ မိတ်ဆွေများအားလုံးကို ကြိုဆိုလျှက်ပါ နောက်လည်း လာလည်ကြပါနော် အားပေးပါ ဝေဖန်ပါ အကြံပြုပါ

Wednesday, January 30, 2013

Desktop ပေါ်မှာ Glass Themes လေးနဲ့လန်းမယ်

Full_Glass_for_W7
မင်္ဂလာပါ ခင်ဗျာ အခုတင်ပေးမည့် ဟာလေးကတော့ မိမိအသုံးပြုနေတဲ့ စက်တွေရဲ့ Desktop ကို အမြင်ဆန်းလေးနဲ့ အသုံးပြုချင်သူတွေအတွက်ပါ.... တော်တော်လေးတော့လန်းပါတယ် နည်းလမ်းမသိခင်တုန်းက ကျွန်တော်လည်းတော်တော် တိုင်ပတ်ပါတယ် မနေမနား တစ်ညလုံး နည်းလမ်း ရှာဖွေလိုက်တဲ့ အခါနောက် ဆုံးတော့တွေ့ပါပြီ .. Destok တစ်ခုလုံးကို လုံးဝလန်းသွားစေမယ့် Full Glass Themes လေးပါ.. Window7 အတွက်ပဲဖြစ်ပါတယ် လက်တဲ့စမ်းချင်သူများ အောက်မှာဒေါင်းယူလိုက်ပါခင်ဗျာ

Glass Themes ဒေါင်းယူရန်>>>
   လုပ်နည်းကလည်း အင်မတန်လွယ်ပါတယ် မသိခင်သာ ခက်တာ သိသွားတော့လည်း အလွယ်လေးပေါ့ :P
 ပထမဆုံး အနေနဲ့ အပေါ်မှာဒေါင်းယူလာတဲ့ ဖိုင်ကိုဖြေပါ... အထဲမှာ  UniversalThemePatcher_20090409 zip နဲ့  VS_full_glass_for_win7_by_nguyenxuanhoa zip နှစ်ခုကို ရပါ့မယ်။ နှစ်ခုစလုံးကို Desktop ပေါ်သို့တင်ထားပေးပါ။
(၁) UniversalThemePatcher zip ကို အရင်ဖြေပါ .. လုံးဝဖြေပြီးသွားသောအခါ UniversalThemePatc.exe နှစ်ခုတွေ့ရမှာ ဖြစ်ပါတယ် ပထမ ဟာကတော့ 64bit အတွက်ပါ . အောက်ဆုံးကဟာကတော့ 32bit အတွက် မိမိစက်ရဲ့ system အလိုက် တစ်ခုကို run လိုက်ပါ  ပြီးသွားရင် တော့အောက်မှာ ပြထားတဲ့အတိုင်း patch တွေကို တစ်ခုပြီး တစ်ခုကလစ်သွားပါ။ အားလုံးပြီးသွားပါက Restart ကျသွားပါလိမ့်မယ်။
(၂) window ပြန်တက်လာပါက VS_full_glass_for_win7_by_nguyenxuanhoa zip ကိုဖြေလိုက်ပါ။ဖြေလို့ရလာတဲ့အထဲက ဖိုင် 3 ဖိုင်စလုံးကိုကော်ပီကူးပါ
My Computer>> local Disk (C) >> Windows >> Resources >> Themes လမ်းကြောင်းအတိုင်းသွားပြီးတော့ Paste လုပ်လိုက်ပါ။
(၃) Desktop ပေါ်မှာ Right Click ခေါက် >>personalize>>>window background မှာ Full Glass vs7 ဆိုတဲ့ themes လေးတိုးလာပြီဖြစ်ပါတယ် အဲ Themes လေးကိုရွေးပေးလိုက်ပါ ။ ဒါဆိုရင်အဆင်ပြေပါပြီ။

(၄) အကြည်လေးဖြစ်ဖို့အတွက်ကတော့  My Computer>> local Disk (C) >> Windows >> Resources >> Themes လမ်းကြောင်းအတိုင်းသွားပြီးတော့ Full glass ဆိုတဲ့ ဖိုင်လေးကို double click လုပ်ပေးရမှာဖြစ်ပါတယ်
ပြီးသွားရင်တော့ သင်ရဲ့ Desktop ဟာ Glass Themes လေးနဲ့လန်းနေပါပြီ။
အားလုံးပဲ အဆင်ပြေကြပါစေဗျာ ကျွန်တော်တော့ ဒီလိုဖြစ်ဖို့ မိုးလင်းခဲ့ပါတယ်.။ တတ်နိုင်သလောက် နားလည်လွယ်အောင်တော့ ရှင်းပြပေးထားပါတယ်.။ အဆင်မပြေတာရှိရင် Comment ပေးခဲ့လိုက်ပါ..
      လာလည်သူမိတ်ဆွေအပေါင်းကိုကျေးဇူးတင်လျှက်...
ဒီပို့လေးကို PDF အနေနဲ့လိုချင်တယ်ဆိုရင် အောက်မှာဒေါင်းယူလိုက်ပါ
မှတ်ချက်။ Restart တစ်ချတိုင်း My Computer>> local Disk (C) >> Windows >> Resources >> Themes လမ်းကြောင်းအတိုင်းသွားပြီးတော့ Full glass ဆိုတဲ့ ဖိုင်လေးကို double click လုပ်ပေးရမှာဖြစ်ပါတယ် အဲဒါမှ အကြည်ရောင်လေးကို မြင်ရမှာပါ....

2 comments:

  1. အဆင်ပြေပါတယ်ခင်ဗျာ ကျေးဇူးဘဲလို့ မပြောတော့ဘူးဗျာ အားမရလို့  အပြင်မှာတွေ့ ရင် မုန့် ဝယ်ကျွေးမယ်

    ReplyDelete

ဝေဖန်ပါ အကြံပြုပါ လိုအပ်တာရှိရင်ပြောပါ.. ကျေးဇူးအထူးတင်ပါတယ် ဗျာ။

ck


တင်ထားသမျှခေါင်းစဉ်များ သည်မှာရှာ၇န်

ရုပ်ရှင် (2) Adobe Flash Player (1) Android Apk (52) Android App Hider (1) Android Battery doctor (1) Android camera (1) Android Facebook Apps (3) Android File Recovery (1) Android Firmware (2) Android Format Factory (1) Android Game (17) Android Keypad (1) Android Live wallpaper (3) Android locker (1) Android Memory Apk (1) Android MM Keyboard (4) Android MM Ringtone (1) Android Recording (1) Android Recovery (1) Android Ringtone Maker (1) Android Root (12) Android Root Checker (1) Android Software (4) ANDROID USB DRIVER (1) Android wallpaper (1) Android WiFi Hotspot (1) Anti Porn (1) Antivirus (12) Apple Events 2013 မှတ်စု (1) Apple ID ဖွင့်နည်း (1) appများ (11) Asus phone root လုပ်နည်း (2) Auto Play (1) Bluestacks Root (1) Bootable Maker (1) Bowser Cleanner (1) Browser များ (2) CCleaner (2) Cd Label Designer (1) Chrome ဆိုင်ရာ (1) Converter (7) Cs6 All Product crack (1) Data Recovery (1) Deep Freeze (1) Designer (4) DFX Audio Enhancer (1) Dictionary (1) Downloader (5) Driver Updater (1) Ebooks (20) Facebook ဆိုင်ရာ (2) Folder Lock (3) Hacking စာအုပ် (2) Hide Folder (1) i mobile root လုပ်နည်းများ (1) IDM (13) IDM UltraEdit (1) iOS app (10) IOS Game (10) iOS Hack (2) iOS ဆိုင်ရာ (15) IP Hide (4) ISO Creator (1) Jailbreak tools (4) K-Lite Codec Pack (1) Lenovo Root (1) Media players (1) Microsoft Office (2) MiloShare (1) Movie (10) Nero (2) nokia android root လုပ်နည်းများ (1) Partition Manager (1) Pc Cleanner (4) Pc Game (2) pc software များ (16) Photoshop ဆိုင်ရာ (4) Power DVD (1) samsung root လုပ်နည်း (1) Screen Shot (1) sim unlock လုပ်နည်း (1) Skin Pack (1) Slideshow (2) System Optimize (2) Team Viewer (1) Trojan Remover (1) Uninstaller (4) Upload Apk (1) USB Guard (2) Viber for Pc (2) Video Edition (1) VPN (2) Wifi ဆိုင်ရာ (1) Windows 7 Manager (1) windows 7 NVIDIA Edition (1) Windows 7 Regal™ Business Edition 2014 (1) Windows 8.1 (2) Windows Activator (2) Windows Error (1) windows Password Remover (1) Windows XP (1) Windows7 iso (1) Wise Care 365 Pro (1) Xiaomi (1) ကဗျာ (17) ဂိမ်းများ (2) နည်းပညာ (115) နည်းပညာ စာအုပ်များ (12) နည်းပညာ( ကိုညီနေမင်းစီက ယူလာတာပါ) (24) နည်းပညာဗဟု့သု့တ (4) နည်းပညာသတင်းများ (1) နည်းလမ်းများ (3) ဗဟုသုတ (47) ဘာသာတရား (1) ဘလော့ပညာများ (21) မြန်မာ့ စစ်တုရင် (1) မြန်မာစာတန်းထိုးဇာတ်လမ်းများ (6) မြန်မာသတင်း (5) ရုပ်ရှင် (1) သတင်း (6) သီချင်း (3) သုတ ရသ (5) ဟင်းချက်နည်း (25) ဟာသ (1) ဆော့ဝဲလ်များ (159) နိုင်ငံတကာသတင်း (2)