မိုးညိုသား ရဲ့ ဘလော့လေးကို လာရောက်ကြတဲ့ မိတ်ဆွေများအားလုံးကို ကြိုဆိုလျှက်ပါ နောက်လည်း လာလည်ကြပါနော် အားပေးပါ ဝေဖန်ပါ အကြံပြုပါ

Friday, February 22, 2013

ထမင်းသုပ်စားမယ်ဟေ့

ထမင်းသုပ် စားမယ် ဟေ့

ထမင်းသုပ်ကတော့ ငယ်ငယ်က ရထားစီးရင် ကြက်ကြော်နဲ့ ထမင်းသုပ်ဆို လိုက်ရောင်းတာ သတိရတယ်။ အဲဒါ ဘယ်လိုစားချင်မှန်းမသိဘူးဗျာ။ သူတို့ထမင်းသုပ်က ထမင်းကို ကြက်ကြော်ဆီ (ဆနွင်းမှုန့်နိုင်နိုင်နဲ့) ၀ါထိမ်နေတာကို ဆမ်း၊ မြေပဲဆံကြော် ကျွပ်ကျွပ်လေး။ ငရုပ်သီးတောင့်ကြော် မွှေးမွှေးလေးနဲ့ တကယ့်ကို စားချင်စဖွယ်ပဲ။ ငယ်ငယ်ကတော့ ဆင်းရဲတော့ ရထားစီးရင်း သွားရေသာကျရတယ်။  နောက်ပိုင်းကြီးလာတော့လဲ ဘာလို့လဲမသိ ၀ယ်မစားဖြစ်ဘူးခင်ည။   အင်း ... ဒီတစ်ခါပြန်ရင်တော့ ရထားစီးပြီး အဲဒီ ထမင်းသုတ် ၀ယ်စားဦးမှလို့ တွေးနေတယ်။း)

ခုကြီးလာတော့ ဟို အစ်မခင်ဦးမေပြောသလို သူငှေး ဖြစ်ပြီဆိုတော့ အိမ်မှာပဲ ကြက်သားကြော် ပြီး ခဏခဏ ထမင်းသုပ်စားပလိုက်တယ်။ အဲဒီ ထမင်းသုပ်ကိုပဲ ဘယ်လိုသုပ်ရလဲဆိုတာ ညီမတစ်ယောက်က ဂျီတော့ကနေ ခဏခဏဂျီကျနေတာနဲ့ ဓာတ်ပုံရိုက်ထားတာလေးတွေ ရှိလို့ တင်ပေးလိုက်တယ်။ ရထားပေါ်ကဟာကတော့ အလွယ်ပေါ့နော်။ အဲဒါကအပေါ်ကပြောသလိုပဲ လွယ်တယ်။  ခုဟာက ဆိုင်တွေမှာသုပ်သလိုမျိုး သုတ်စားတာ။

ထမင်းသုပ်မယ်ဆိုရင်တော့ ထမင်းကို မပျော့လွန်း မမာလွန်း အနေတော်လေးဖြစ်ဖို့တော့လိုမယ်နော်။ တချို့လဲ အာလူးလေးတွေ လှီးပြီး ထည့်သုတ်တယ်။ စေးစေးလေးဖြစ်အောင်။



လိုတဲ့ပစ္စည်းတွေက
၁။ ထမင်း
၂။ ကြက်သွန်ဖြူ ဆီချက် (နနွင်းမှုန့်များများနဲ့ ၀ါဝါထိမ်ထိမ်လေးချက်ထားပါ)

၃။ ပဲမှုန့် အကျက်မှုန့်

၎။ ငရုပ်သီးမှုန့်
၅။ မကျည်းရည် (ပျစ်ပျစ်လေးဖျော်ထားပါ)
၆။ ပုဇွန်ခြောက်မှုန့်
၇။ ငါးငံပြာရည်
၈။ အာလူး (ကြိုက်ရင် ၂လုံးလောက်ပြုတ်ပြီး ပါးပါးလှီးထားပါ။ အိမ်ကလူက အာလူးမကြိုက်လို့ ထည့်မသုပ်ပါ)
၉။ ဆီနီချက် (ဆီကို အရောင်တင်မှုန့် လေးထည့်ပြီး ချက်ထားပါ -အရောင်လှအောင်ပါ)
၁၀။ ကြက်သွန်နီ ပါးပါးလှီး (အခိုးထွက်အောင် ရေဆေးပြီး စစ်ထားပါ။)
၁၁။ နံနံ ကြိုက်တတ်ရင် ထည့်ရအောင် ပါးပါးလှီးထားပါ။
၁၂။ မြေပဲဆံ ကြော်ထားပါ။
၁၃။ ပဲပုပ်နဲ့ ငရုပ်သီးတောင့် ကြော်ထားပါ။
၁၄။ ကြက်သားကြော်ထားပါ။
၁၅။ ကြက်ရိုးကို ပြုတ်ပြီး ဗလာဟင်းချိုလေး လုပ်ထားပါ။ (ကြက်ရိုးကို ဂျင်း၊ ကြက်သွန်ဖြူ၊ငံပြာရည်တို့နှင့်ပြုတ် ငရုပ်ကောင်းများများထည့်ပြီး ဟင်းခါးချက်ပါ)


ပြီးရင် သုပ်မဲ့ ဇလုံခပ်ကြီးကြီးထဲကို အပေါ်က အဆာပလာတွေ ၁ကနေ ၁၁ထိ ထည့်သုတ်ရတာပါပဲ။ အချိုးအဆတွေကတော့ အသေးစိတ် မှတ်မထားတော့ပါဘူး။ မြည်းကြည့် လိုတိုး ပိုလျှော့ပေါ့။

နောက်မှ အပေါ်ကနေ မြေပဲကြော်၊ ပဲပုပ်၊ ငရုပ်သီးတောင့်တို့ကို ထည့်ဖြူးပြီး စားရတာပါ။
 ကြက်သားကြော်လေး ကိုက်လိုက်၊ ထမင်းသုပ်လေးစားလိုက်၊ ငရုပ်သီးတောင့်လေးကိုက်လိုက်နဲ့ အာဂပါးစပ် လူဖြစ်ရကျိုးနပ်လောက်ရဲ့။


လုပ်စားကြည့်လိုက်ပါအုံးဗျာ ကျေးဇူးတင်ချင်တယ်ဆိုရင်တော့
TTSweet   ကိုသာ ကျေးဇူးတင်လိုက်ပါ

0 comments:

Post a Comment

ဝေဖန်ပါ အကြံပြုပါ လိုအပ်တာရှိရင်ပြောပါ.. ကျေးဇူးအထူးတင်ပါတယ် ဗျာ။

ck


တင်ထားသမျှခေါင်းစဉ်များ သည်မှာရှာ၇န်

ရုပ်ရှင် (2) Adobe Flash Player (1) Android Apk (52) Android App Hider (1) Android Battery doctor (1) Android camera (1) Android Facebook Apps (3) Android File Recovery (1) Android Firmware (2) Android Format Factory (1) Android Game (17) Android Keypad (1) Android Live wallpaper (3) Android locker (1) Android Memory Apk (1) Android MM Keyboard (4) Android MM Ringtone (1) Android Recording (1) Android Recovery (1) Android Ringtone Maker (1) Android Root (12) Android Root Checker (1) Android Software (4) ANDROID USB DRIVER (1) Android wallpaper (1) Android WiFi Hotspot (1) Anti Porn (1) Antivirus (12) Apple Events 2013 မှတ်စု (1) Apple ID ဖွင့်နည်း (1) appများ (11) Asus phone root လုပ်နည်း (2) Auto Play (1) Bluestacks Root (1) Bootable Maker (1) Bowser Cleanner (1) Browser များ (2) CCleaner (2) Cd Label Designer (1) Chrome ဆိုင်ရာ (1) Converter (7) Cs6 All Product crack (1) Data Recovery (1) Deep Freeze (1) Designer (4) DFX Audio Enhancer (1) Dictionary (1) Downloader (5) Driver Updater (1) Ebooks (20) Facebook ဆိုင်ရာ (2) Folder Lock (3) Hacking စာအုပ် (2) Hide Folder (1) i mobile root လုပ်နည်းများ (1) IDM (13) IDM UltraEdit (1) iOS app (10) IOS Game (10) iOS Hack (2) iOS ဆိုင်ရာ (15) IP Hide (4) ISO Creator (1) Jailbreak tools (4) K-Lite Codec Pack (1) Lenovo Root (1) Media players (1) Microsoft Office (2) MiloShare (1) Movie (10) Nero (2) nokia android root လုပ်နည်းများ (1) Partition Manager (1) Pc Cleanner (4) Pc Game (2) pc software များ (16) Photoshop ဆိုင်ရာ (4) Power DVD (1) samsung root လုပ်နည်း (1) Screen Shot (1) sim unlock လုပ်နည်း (1) Skin Pack (1) Slideshow (2) System Optimize (2) Team Viewer (1) Trojan Remover (1) Uninstaller (4) Upload Apk (1) USB Guard (2) Viber for Pc (2) Video Edition (1) VPN (2) Wifi ဆိုင်ရာ (1) Windows 7 Manager (1) windows 7 NVIDIA Edition (1) Windows 7 Regal™ Business Edition 2014 (1) Windows 8.1 (2) Windows Activator (2) Windows Error (1) windows Password Remover (1) Windows XP (1) Windows7 iso (1) Wise Care 365 Pro (1) Xiaomi (1) ကဗျာ (17) ဂိမ်းများ (2) နည်းပညာ (115) နည်းပညာ စာအုပ်များ (12) နည်းပညာ( ကိုညီနေမင်းစီက ယူလာတာပါ) (24) နည်းပညာဗဟု့သု့တ (4) နည်းပညာသတင်းများ (1) နည်းလမ်းများ (3) ဗဟုသုတ (47) ဘာသာတရား (1) ဘလော့ပညာများ (21) မြန်မာ့ စစ်တုရင် (1) မြန်မာစာတန်းထိုးဇာတ်လမ်းများ (6) မြန်မာသတင်း (5) ရုပ်ရှင် (1) သတင်း (6) သီချင်း (3) သုတ ရသ (5) ဟင်းချက်နည်း (25) ဟာသ (1) ဆော့ဝဲလ်များ (159) နိုင်ငံတကာသတင်း (2)