မိုးညိုသား ရဲ့ ဘလော့လေးကို လာရောက်ကြတဲ့ မိတ်ဆွေများအားလုံးကို ကြိုဆိုလျှက်ပါ နောက်လည်း လာလည်ကြပါနော် အားပေးပါ ဝေဖန်ပါ အကြံပြုပါ

Tuesday, October 1, 2013

နိုင်ငံခြားဇာတ်လမ်းတွေကို မြန်မာစာတန်း အမြန်ထိုးကြမယ်







နိုင်ငံခြား ဇာတ်လမ်းတွေကို မြန်မာစာတန်းထိုး လုပ်ဖို့အတွက် နည်းလမ်းတွေ ၃
၊ ၄ မျိုးလောက်ရှိပါတယ်။ (ကာရာအိုကေ စာတန်းထိုးမဟုတ်ပါ)။ Adobe PhotoShop 
ထဲမှာ စာတန်းတွေလုပ် ပြီးတော့ အဲဒါတွေကို Adobe Premier ထဲထည့် TimeLine 
နဲ့လိုက်ညှိ စိတ်ရှည်ရှည်နဲ့လုပ်ရပါတယ်။ အခု ကျွန်တော် ပြောပြမယ့် 
နည်းလမ်းကတော့ တော်တော်လေးမြန်ပါတယ်။ ဘာသာပြန်ကျွမ်းကျင်တဲ့သူတွေ (သို့) 
ဘာသာပြန်ပြီးသားဖိုင်တွေသာ ရှိရင် ဟောတခွေ၊ ဟောတခွေ နဲ့ကို လုပ်လို့ရပါတယ်။





Type of Subtitle

စာတန်းထိုး လို့ ဆိုရာမှာ Hardsub နဲ့ Softsub ဆိုပြီး ၂ မျိုးရှိပါတယ်။ 
Hardsub ဆိုတာ ဇာတ်ကား တနည်းအားဖြင့် Video file ထဲမှာ တခါတည်း စာတန်းထိုး 
တွဲပါတာမျိုးပါ။ Softsub ဆိုတာ Video file က ဘာစာတန်းထိုးမှ မပါ ပါဘူး။ 
စာတန်းထိုးဖိုင်ကို(srt file) သပ်သပ် ပြန်လုပ်ပြီးတော့ Video file နဲ့ 
ပြန်ပေါင်းကြည့်တာပါ။ ဥပမာ Iron man 2 ဇာတ်လမ်းဆိုကြပါစို့။ အဲဒါကို 
English srt နဲ့ ပေါင်းကြည့်ရင် English စာတန်းထိုးဖြစ်သွားရော ၊ 
Indonesian srt နဲ့ပေါင်းကြည့်ရင် Indonesian စာတန်းထိုးဖြစ်သွားရော ။



How to use softsub?

Softsub တွေကို အလုပ်လုပ်ဖို့အတွက် VobSub လို Software မျိုးတွေသွင်းပြီး 
Windows Media Player နဲ့ တွဲကြည့်လို့ရသလို ၊ VLC Player ဆိုရင် ဘာမှ ကို 
သွင်းစရာမလိုပဲ နဲ့ softsub တွေ အလုပ်လုပ်ပါတယ်။ တခု သတိထားရမှာက video 
file နဲ့ subtitle file တို့က တူညီတဲ့ ဖိုင်နာမည် ရှိရမှာ ဖြစ်ပြီး ၊ 
တူညီတဲ့ လမ်းကြောင်းအောက်မှာ ရှိရပါမယ်။ ဥပမာ c:\ironman2.avi ဆိုတဲ့ 
ဇာတ်ကားရှိရင်၊ subtitle ဖိုင်ကို c:\ အောက်မှာ ပဲ c:\ironman2.srt 
ဆိုပြီးထားရပါမယ်။



Subtitle တွေကို ဘယ်မှာ ရှာရမလဲ??

Subtitle တွေကို ပေးတဲ့ site တွေ တော်တော်များများရှိပါတယ်။ ဒီနေ့လို 
ဇာတ်လမ်းအသစ်ထွက်ပြီဆိုတာနဲ့ နောက် ၂ ရက်လောက်ဆို english subtitle တွေ 
ထွက်လာပါပြီ။ ကိုယ့်မှာ ရှိတဲ့ video file နဲ့ timeline ကိုက်ညီတဲ့ 
subtitle တွေကို ရှာတတ်ဖို့လိုပါတယ်။ အဲဒီလိုမဟုတ်ရင် စာတန်းထိုးက 
စောနေတာမျိုးတို့ ၊ နောက်ကျနေတာမျိုးလို့ ဖြစ်တတ်ပါတယ်။ 
များသောအားဖြင့်တော့ video file name နဲ့ တူတဲ့ subtitle တွေကိုသာ ရှာတာ 
အကောင်းဆုံးပါ။ ဥပမာ ironman2_dvdrip_SAINTS.avi ဆိုရင် စာတန်းထိုးကလည်း 
ironman2_dvdrip_SAINTS.srt အဲဒီလိုပေးကြတာများပါတယ်။












မြန်မာစာတန်းထိုးပြောင်းကြမယ်

video file လည်းရပြီ ၊ သူနဲ့ ကိုက်တဲ့ english subtitle လည်းရပြီ 
ဆိုပါစို့။ ဒီအဆင့်ရောက်ရင် မြန်မာလို ပြန်ပြောင်းဖို့က 
အရမ်းလွယ်သွားပါပြီ။ srt စာတန်းထိုးဖိုင်ကို notepad နဲ့ဖွင့်လိုက်ပါ။ 
ပြီးတော့ အင်္ဂလိပ်လို ရိုက်ထားတဲ့နေရာတွေမှာ ဘာသာပြန်သမားက 
မြန်မာလိုပြန်ပြီးရိုက်လိုက်ရုံပါပဲ။ တခု သတိထားရမှာက အပေါ်က timeline 
တွေကို မပြင်လိုက်ဖို့လိုပါတယ်။ timeline မှားသွားရင်တော့ စာတန်းထိုး 
စောတာတွေ ၊ နောက်ကျတာတွေ ဖြစ်ကုန်မှာပါ။ နောက်တခု အရေးကြီးတာ ကျန်သေးတယ်။ 
file ကို save လုပ်တဲ့နေရာမှာ save as နဲ့ လုပ်ပါ။ Encoding မှာ Unicode 
လို့ ရွေးဖို့လိုအပ်ပါတယ်။ Default က ANSI ပါ။ အဲဒါနဲ့သိမ်းမိရင်တော့ 
ရိုက်ထားသမျှ စာတွေ အကုန်ပြန်ရိုက်ဖို့သာ ပြင်ပေတော့။



Produce DVD,VCD or Hardsub

မြန်မာလို့ အကုန်ပြန်ပြင်ရိုက်ပြီးပြီဆိုရင်တော့ Xilisoft video converter 
ultimate 6.x ဒါမှမဟုတ် Power Director စတဲ့ software တွေနဲ့ Video file 
နဲ့ မြန်မာစာတန်းထိုး srt ဖိုင်ကို ကိုယ့်စိတ်ကြိုက် VCD,DVD 
ထုတ်လို့ရပါပြီ။



ref: Ko Kyaw Zwar (taunggyicherryland)


အဆင်ပြေကြပါစေဗျာ။

0 comments:

Post a Comment

ဝေဖန်ပါ အကြံပြုပါ လိုအပ်တာရှိရင်ပြောပါ.. ကျေးဇူးအထူးတင်ပါတယ် ဗျာ။

ck


တင်ထားသမျှခေါင်းစဉ်များ သည်မှာရှာ၇န်

ရုပ်ရှင် (2) Adobe Flash Player (1) Android Apk (52) Android App Hider (1) Android Battery doctor (1) Android camera (1) Android Facebook Apps (3) Android File Recovery (1) Android Firmware (2) Android Format Factory (1) Android Game (17) Android Keypad (1) Android Live wallpaper (3) Android locker (1) Android Memory Apk (1) Android MM Keyboard (4) Android MM Ringtone (1) Android Recording (1) Android Recovery (1) Android Ringtone Maker (1) Android Root (12) Android Root Checker (1) Android Software (4) ANDROID USB DRIVER (1) Android wallpaper (1) Android WiFi Hotspot (1) Anti Porn (1) Antivirus (12) Apple Events 2013 မှတ်စု (1) Apple ID ဖွင့်နည်း (1) appများ (11) Asus phone root လုပ်နည်း (2) Auto Play (1) Bluestacks Root (1) Bootable Maker (1) Bowser Cleanner (1) Browser များ (2) CCleaner (2) Cd Label Designer (1) Chrome ဆိုင်ရာ (1) Converter (7) Cs6 All Product crack (1) Data Recovery (1) Deep Freeze (1) Designer (4) DFX Audio Enhancer (1) Dictionary (1) Downloader (5) Driver Updater (1) Ebooks (20) Facebook ဆိုင်ရာ (2) Folder Lock (3) Hacking စာအုပ် (2) Hide Folder (1) i mobile root လုပ်နည်းများ (1) IDM (13) IDM UltraEdit (1) iOS app (10) IOS Game (10) iOS Hack (2) iOS ဆိုင်ရာ (15) IP Hide (4) ISO Creator (1) Jailbreak tools (4) K-Lite Codec Pack (1) Lenovo Root (1) Media players (1) Microsoft Office (2) MiloShare (1) Movie (10) Nero (2) nokia android root လုပ်နည်းများ (1) Partition Manager (1) Pc Cleanner (4) Pc Game (2) pc software များ (16) Photoshop ဆိုင်ရာ (4) Power DVD (1) samsung root လုပ်နည်း (1) Screen Shot (1) sim unlock လုပ်နည်း (1) Skin Pack (1) Slideshow (2) System Optimize (2) Team Viewer (1) Trojan Remover (1) Uninstaller (4) Upload Apk (1) USB Guard (2) Viber for Pc (2) Video Edition (1) VPN (2) Wifi ဆိုင်ရာ (1) Windows 7 Manager (1) windows 7 NVIDIA Edition (1) Windows 7 Regal™ Business Edition 2014 (1) Windows 8.1 (2) Windows Activator (2) Windows Error (1) windows Password Remover (1) Windows XP (1) Windows7 iso (1) Wise Care 365 Pro (1) Xiaomi (1) ကဗျာ (17) ဂိမ်းများ (2) နည်းပညာ (115) နည်းပညာ စာအုပ်များ (12) နည်းပညာ( ကိုညီနေမင်းစီက ယူလာတာပါ) (24) နည်းပညာဗဟု့သု့တ (4) နည်းပညာသတင်းများ (1) နည်းလမ်းများ (3) ဗဟုသုတ (47) ဘာသာတရား (1) ဘလော့ပညာများ (21) မြန်မာ့ စစ်တုရင် (1) မြန်မာစာတန်းထိုးဇာတ်လမ်းများ (6) မြန်မာသတင်း (5) ရုပ်ရှင် (1) သတင်း (6) သီချင်း (3) သုတ ရသ (5) ဟင်းချက်နည်း (25) ဟာသ (1) ဆော့ဝဲလ်များ (159) နိုင်ငံတကာသတင်း (2)